029 :: [Audio Book] Thu Kha Myay Pon (Part - 4)
MAY 03, 2021
Description Community
About

ဒီနေ့အတွက် ကျွန်တော့်ရဲ့ Podcast Episode (29) မှာတော့ ကျွန်တော် အထူးနှစ်သက်တဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာ ချမ်းမြေ့ဝင်း ဘာသာပြန် "သုခမြေပုံ" ကို အသံထွက် ဖတ်ပြထားပါတယ်။ ဇာစ်မြစ် စာအုပ်ထုတ်ဝေရေး က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ မှာ ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်ကတော့ Eric Weiner ရဲ့ The Geography of Bliss ပဲ ဖြစ်ပါတယ်။ အခုတစ်ခါတော့ အပိုင်း (၄) အနေနဲ့ ကာတာနိုင်ငံ အကြောင်းကို တင်ဆက်လာပါတယ်။ ရေနံနဲ့ ချမ်းသာတဲ့ နိုင်ငံတစ်နိုင်ငံ ဟာ ပျော်ရွှင်ခြင်းကို ငွေနဲ့ တည်ဆောက်ယူခဲ့သလား၊ နိုင်ငံသားတွေကရော တကယ်ပျော်ရွှင်နေသလား။ ကိုယ်တိုင်ရောက်ရှိနားလည်သွားခဲ့ရသလို ရေးသားတင်ဆက်ထားတဲ့အတွက် တစ်ထိုင်တည်းနဲ့ ကာတာနိုင်ငံ ရဲ့ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဓလေ့ နဲ့ လည်ပတ်စရာတွေကို သိရှိလိုက်ရမှာ ဖြစ်ပါတယ်။ နားဆင်ကြည့်စေချင်ပါတယ်။



| Website: https://www.thihathetraveller.com |
| Facebook: https://www.facebook.com/travellerthiha |
| Instagram: https://www.instagram.com/thihalulin |
| YouTube: https://www.youtube.com/thihalulin |
| Email me @ thihalulin@gmail.com |

Comments