ငါ့ ဒိန်ခဲ ကို ဘယ်သူနေရာရွှေ့ထားသလဲ (အပိုင်း - ၁)
SEP 17, 2021
Description Community
About

ဒီတစ်ပတ် Episode လေးမှာတော့ တွေးဆပြင်ဆင်စရာ အကြောင်းအရာကောင်းတစ်ခုဖြစ်တဲ့ "ငါ့ ဒိန်ခဲ ကို ဘယ်သူနေရာရွှေ့ထားသလဲ" ဆိုတဲ့ စာရေးဆရာ တင်မောင်မြင့် ရဲ့ ဘာသာပြန်စာအုပ်လေးကို အသံထွက်စာအုပ်လေးအသွင် ဖတ်ပြဖြစ်ခဲ့ပါတယ်။ ဖတ်ရင်း ကျွန်တော့်ကိုကျွန်တော် ပြန်မြင်မိသလို၊ ဒီစာကို ဖတ်မိသူတိုင်းလည်း ဒီဇာတ်ကောင်လေးတွေထဲမှာ ကိုယ်ဟာ ဘယ်သူနဲ့တူသလဲဆိုတာ ပြန်မြင်မိကြတဲ့အထိ ဇာတ်လမ်းဟာ လက်တွေ့သိပ်ကျလွန်းတယ်လို့ ဆိုပါရစေ။ ဘဝအတွက်၊ အလုပ်အတွက်၊ အောင်မြင်ရေးအတွက်၊ မိသားစုအရေးအတွက်၊ လူမှုရေးအတွက် အားလုံးကို ထည့်သွင်းစဉ်းစားလုပ်ဆောင်နိုင်စေတဲ့ အတွေးအမြင်တွေကို ရရှိစေလို့ ခုလိုချိန်မျိုးမှာ နားဆင်သင့်တယ်လို့ ဆိုပါရစေ။ နန်းဒေဝီ စာပေ က ဖြန့်ချိထားတဲ့ ဒီစာအုပ်လေးဟာ နှစ်တွေ ဘယ်လိုပြောင်းပြောင်း ဟောင်းဟောင်း ခေတ်မီနေဆဲပါပဲခင်ဗျာ။



| Website: https://www.thihathetraveller.com |
| Facebook: https://www.facebook.com/travellerthiha |
| Instagram: https://www.instagram.com/thihalulin |
| YouTube: https://www.youtube.com/thihalulin |
| Email me @ thihalulin@gmail.com |

Comments